Life

The Power of Small Habits (အလေ့အကျင့် အသေးအဖွဲများ၏ စွမ်းပကား)

  Habit (အလေ့အကျင့်) ဆိုတာ ဘာလဲ အလေ့အကျင့် Habit ဆိုတာ ကျွန်တော်တို့ဘဝမှာ ထပ်ခါထပ်ခါ ပြုလုပ်ခဲ့လို့ မိမိကိုယ်တိုင်တောင် သေချာ မသိဘဲ အလိုလျောက်ပြုမူမိလာတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ ဥပမာ ခင်ဗျား အိမ်သာထဲကို ဝင်တဲ့အခါ လက်က အလိုလျောက် မီးခလုတ်ကို နှိပ်မယ်။ အိမ်သာတက်ပြီးတဲ့အခါ ရေဆွဲမယ်။ အိမ်သာခွက်ကို ပြန်လှန်လေ့ရှိသူက ပြန်လှန်ထားမယ်၊ လှန်လေ့မရှိသူက အိမ်သာအပြင်ကို ထွက်မယ်။ မီးပိတ်မယ်။ ဒါတွေအားလုံးကို အထူးတလည် အားစိုက်စရာ မလိုဘဲ မသိစိတ်က အလိုလျောက်လုပ်သွားတာ ဖြစ်ပါတယ်။ မိမိအကြိမ်ပေါင်းများစွာ လုပ်ထားပြီး သားအရာမို့ စိတ်က ဒါကို Auto လုပ်ပေးတာဖြစ်ပါတယ်။ အဲဒါကြောင့် အလေ့အကျင့်ဟာ မွေးမြူရခက်သလို အကျင့်ဆိုးတစ်ခုကို ရသွားပြီဆိုရင်လည်း ဖျောက်ရခက်တာ ဖြစ်ပါတယ်။ …

The Power of Small Habits (အလေ့အကျင့် အသေးအဖွဲများ၏ စွမ်းပကား) Read More »

မိမိဘဝအပေါ် ဘယ်လို Reflect ပြန်လုပ်မလဲ

  ဒီအချိန် ဒီကာလကြီးကို ဘယ်သူမှ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ကျွန်တော်လည်း မကြိုက်သလို ခင်ဗျားတို့လည်း ကြိုက်မယ်လို့ မထင်ပါဘူး။ နေ့စဉ်နေ့တိုင်း ပူပန်ခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေ၊ စိတ်မလုံခြုံခြင်းတွေနဲ့ ဖြတ်သန်းနေရတဲ့ ကာလတစ်ခုကို ကျွန်တော်တို့ ဖြတ်သန်းခဲ့တာ ခုနစ်လကျော်ခဲ့ပါပြီ။ ဒီကာလကြီးကို ကျော်ပစ်လိုက်လို့လည်း မရတာမို့ ကျွန်တော်တို့ဟာ ဒီကာလဆိုးကြီးကို မဖြစ်မနေ ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘဝအတွက် တန်ဖိုးအကြီးဆုံး သင်ခန်းစာတွေဟာ အခက်အခဲဆုံး၊ အကြမ်းတမ်းဆုံး၊ အမှောင်မိုက်ဆုံး အခိုက်အတန့်တွေဆီကနေ လာတတ်ပါတယ်။ ဒီတော့ ဒီကာလကြီးကို ကျွန်တော်တို့ ဘယ်လိုအကောင်းဆုံး ဖြတ်ကျော်ကြမလဲ။ ဒီမှောင်မိုက်တဲ့ကာလကြီးကနေ ဘယ်လိုသင်ခန်းစာတွေယူမလဲ၊ ဒီလိုအချိန်မှာ ကျွန်တော်တို့အတွက် တစ်စုံတစ်ခု အကျိုးရှိအောင် ဘယ်လိုလုပ်ကြမလဲ။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ အကြံပေးချင်တာ နှစ်ခု ရှိပါတယ်။ …

မိမိဘဝအပေါ် ဘယ်လို Reflect ပြန်လုပ်မလဲ Read More »